ချောင်းဦးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်မှပြန်လာသည့် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နှင့်ခေါင်းကိုပစ်၍ သတ်ဖြတ်သွား

ချောင်းဦးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်မှပြန်လာသည့် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နှင့်ခေါင်းကိုပစ်၍ သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန် ဘက်စုံခြံမှ ထွက်လာသည့် စစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

အင်အား(၂၀)ဝန်းကျင်ခန့် ပါဝင်သည့် အဆိုပါ စစ်ကောင်စီတပ်သည် ရွာသာအေးရွာသို့ ရောက်ရှိချိန်တွင် ဆိုင်ကယ်ဖြင့် လက်ဖက်ရည်ဆိုင်မှ ပြန်လာသည့် အရပ်သား(၂)ဦးကို လယ်ကွင်းအတွင်းသို့ ခေါ်ဆောင်သွားပြီး ဦးခေါင်းကို သေနတ်ဖြင့်ပစ်၍ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် ထပ်မံစစ်ကြောင်းထိုးနေပြီး မည်သည့်ကျေးရွာကို ဦးတည်နေသည်ကို မသိရသေး‌ပါ။

#TachileikNewsAgency

Photo :မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးပကဖ