ခေါဇာမြို့နယ်ခွဲရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား ဒေသကာကွယ်ရေးတပ်များ စီးနင်းသိမ်းပိုက်

ခေါဇာမြို့နယ်ခွဲရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား ဒေသကာကွယ်ရေးတပ်များ စီးနင်းသိမ်းပိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် (၁၄)မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၆)ရက်နေ့ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက စီးနင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အရာရှိဦးစီးအင်အား(၁၀)ဦးရှိသည့် စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား တပ်ရင်း(၂၇)၊ တပ်ခွဲ(၂)နှင့် YGF - ရေးပြောက်ကျားတပ်ဖွဲ့ ပူပေါင်းစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ ဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သော်လည်း စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါစခန်းမှ ရှေ့ထွက်မိုင်း(၃)လုံး၊ ကပ်သီး(၁၈)ခု၊ M-16 ကျည် (၂၁၈)တောင့်၊ ၄၀ မမ ကျည် (၂၀)လုံး၊ လက်ပစ်ဗုံး (၂၀)လုံး၊ ကျည်ဘောက် (၁၀)ခု၊ အီကွေမင့် (၂)စုံ၊ မှတ်ပုံတင်(၂)ခု၊ ဖုန်း(၃)လုံး၊ ယူနီဖောင်းတစ်စုံ(တပ်သားအဆင့်)တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီပိုင်ဆက်သွယ်ရေးတာဝါတိုင်(Micro Wave)အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း Ye Guerrilla Force ထံမှ သိရသည်။

#TachileikNewsAgency

Photo : Ye Guerrilla Force