အရှေ့တီမော အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်

အရှေ့တီမော အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်
ဇူလိုင် 1, 2023 | 2021 Military Coup

အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း NUG က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အခမ်းအနားတွင် အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာ မိန့် ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ချက်ပြည်ထောင်စုသမ္မတနိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ထည့်သွင်း၍ နှုတ်ဆက်စကားဆိုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : National Unity Government of Myanmar