ရွာငံတွင် တောင်ကြီးခရိုင်ရဲမှူးပါသည့် ယာဉ်တန်း မိုင်းခွဲခံရ

ရွာငံတွင် တောင်ကြီးခရိုင်ရဲမှူးပါသည့် ယာဉ်တန်း မိုင်းခွဲခံရ
အောက်တိုဘာ 22, 2023 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၊ ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်လာသော တောင်ကြီးခရိုင်ရဲမှူးပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)ထံမှ သိရသည်။

စစ်ကောင်စီယာဉ်တန်းအား ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)က ရေဦးလမ်းမကြီး‌ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် တောင်ကြီးခရိုင်ရဲမှုးအပါအဝင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ရေဦးလမ်းမကြီးအား ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ဓနုဒေသအတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ရှိသည်ဟု သိရှိရသောနေရာများအား ရှောင်ရှားသွားလာကြရန်လည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)က သတိပေးထားသည်။

#TachileikNewsAgency