လူမြင်ကွင်းမှပျောက်နေသည့် ဒုစစ်ခေါင်းဆောင်စိုးဝင်း လူမြင်ကွင်းပြန်ထွက်လာ

လူမြင်ကွင်းမှပျောက်နေသည့် ဒုစစ်ခေါင်းဆောင်စိုးဝင်း လူမြင်ကွင်းပြန်ထွက်လာ

တစ်လနီးပါးကြာ လူမြင်ကွင်းမှပျောက်နေသည့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်စိုးဝင်း လူမြင်ကွင်းသို့ ပြန်ထွက်လာသည့် ဓာတ်ပုံများကို စစ်ကောင်စီလော်ဘီ ဌာနများက ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၉)ရက်နေ့တွင် ဖော်ပြလာသည်။

ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများအား သွားရောက်ကြည့်ရှုခြင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ(၃)ရက်နေ့မှစတင်ပြီး လူမြင်ကွင်းမှ ပျောက်နေသော ဒုစစ်ခေါင်းဆောင်စိုးဝင်းသည် မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့ရာမှ ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

#TachileikNewsAgency