အင်းတော်မြို့ ကျွန်းတောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၉၀)ကျော်အရွယ် စစ်ရှောင်တစ်ဦးသေဆုံးပြီး အဆောက်အဦးများ ပျက်စီး

အင်းတော်မြို့ ကျွန်းတောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၉၀)ကျော်အရွယ် စစ်ရှောင်တစ်ဦးသေဆုံးပြီး အဆောက်အဦးများ ပျက်စီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မော်တိတ်ဒေသ ကျွန်းတောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဖွားအိုတစ်ဦးသေ ဆုံးပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်တစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ( ၂၅ )ရက်နေ့က အင်းတော်မြို့အနောက်ဘက် ( ၁၂ )မိုင်အကွာရှိ မော်တိတ်ဒေသ ကျွန်းတောရွာအနီးတွင်  စစ်ကောင်စီတပ်များနှင့် ABSDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိခဲ့သောကြောင့်  နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် ကျွန်းတောရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသော အသက်( ၉၃ )နှစ်အရွယ် အဖွားအိုတစ်ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်တစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများကို ရွာသာယာရွာမှ  မြေသယ်ကားဖြင့် အင်းတော်စစ်တပ်ကုန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒေသကွယ်ရေးတပ်ဘက်က အသက်( ၁၈ )နှစ်အရွယ်နှင့် ( ၂၉ ) နှစ်အရွယ် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ( ၂၂ )ရက်နေ့နှင့် ( ၂၃ )ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ABSDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ရွာသာယာဘုန်းကြီး ကျောင်းထိခိုက်ပျက်စီးခဲ့သည်။

#TachileikNewsAgency