ခင်ဦးမြို့နယ်တွင်း ရေရှားပါးမှုနှင့် ကြုံနေရပြီး စစ်ကောင်စိတပ် စစ်ကြောင်းထိုးစဉ် ရေတွင်းများကိုပါ ဖျက်ဆီးပစ်

ခင်ဦးမြို့နယ်တွင်း ရေရှားပါးမှုနှင့် ကြုံနေရပြီး စစ်ကောင်စိတပ် စစ်ကြောင်းထိုးစဉ် ရေတွင်းများကိုပါ ဖျက်ဆီးပစ်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း၌ သောက်သုံးရေ ခက်ခဲနေပြီး ကျွဲ၊ နွားတိရစ္တာန်များပါ အစာရေစာရှားပါပြတ်လပ်၍ သေဆုံးမှုများပါရှိနေကြောင်း သိရသည်။

မိုးခေါင်ရေရှားမှုကြောင့် သောက်သုံးရေကန်များ ရေခမ်းခြောက်မှုနှင့် ကြုံနေရသည့်အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် ကျေးရွာများတွင် လျှပ်စစ်ထရန်စဖော်မာများ၊ ရေဘုံဘိုင်များကိုပါ ဖျက်ဆီးခံရ၍ သောက်သုံးရေ အခက်အခဲဖြစ်နေကြရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် တိမ်းရှောင်နေကြရသည့် မီးဘေးသင့်  စစ်ရှောင်ပြည်သူများ၏ ရေအခက်အခဲပြဿနာနှင့် စားနပ်ရိက္ခာအခက်အခဲများအား လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍  ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၇၀)မှ နေအိမ်ပေါင်း(၅၀၀၀)ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။