သံတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်များကို လက်နက်ကြီးနှင့် စစ်ကောင်စီတပ်က ပစ်ခတ်

သံတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်များကို လက်နက်ကြီးနှင့် စစ်ကောင်စီတပ်က ပစ်ခတ်

 ကရင်ပြည်နယ်၊ သံတောင်မြို့၊  (၁၃)မိုင်ရှိ စစ်ကောင်စီတပ်ကုန်းက လူနေရပ်ကွက်များကို ၂၀၂၃ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ ည(၈) နာရီဝန်းကျင်တွင် လက်နက်ကြီးနှင့်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ အကြောင်းမဲ့ လက်နက်ကြီးများနှင့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဦးဆိုင်းကုန်း၊ ရပ်ကွက် (၁)နှင့် ဒေမူးလော်ရပ်ကွက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများထိခိုက်မှုနှင့် ‌ပျက်စီးမှုအခြေအနေများကိုမှု မသိရသေးပေ။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တစ်နာရီနီးပါးကြာ ပစ်ခတ်မှုကြောင့် ဆက်လက်ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြရသည်ဟု ဆိုသည်။  

ဒါ့အပြင် သံတောင်ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း ရပ်ကွက် (၁)ဘက်သို့ သေနတ်များဖြင့် ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။