(၁)နှစ်အတွင်း စစ်အသုံးစရိတ် ကျပ်သန်းပေါင်း(၃၇၀၀)ကျော် သုံးစွဲခဲ့သည့် စစ်ကောင်စီက ဘဏ္ဍာရေးအခြေအနေကြောင့် ဝန်ထမ်းများအတွက် လစာ မတိုးပေးနိုင်သေးဟု ဆို

(၁)နှစ်အတွင်း စစ်အသုံးစရိတ် ကျပ်သန်းပေါင်း(၃၇၀၀)ကျော် သုံးစွဲခဲ့သည့် စစ်ကောင်စီက ဘဏ္ဍာရေးအခြေအနေကြောင့် ဝန်ထမ်းများအတွက် လစာ မတိုးပေးနိုင်သေးဟု ဆို

လူမှုကွန်ယက်များပေါ်တွင် ဝန်ထမ်းများ လစာနှုန်းထားတိုးမြှင့်မည်ဆိုသည့် သတင်းများထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဝန်ကြီးဌာနက နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းထား တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း ၂၀၂၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့က ပြောဆိုထားမှုကို ဧပြီလ(၂၂)ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားရှိသည်ကို တွေ့ရသည်။

"လစာနှုန်းထားတွေကတော့ လက်ရှိ လစာနှုန်းထားအတိုင်းပဲဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းထားကို တိုးမြှင့်ဖို့ မရှိသေးပါဘူး"ဟု သတင်းစာကနေ ဖော်ပြထားရှိသည်။

နိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်  စီးပွားရေးခြွတ်ခြုံကျလာနေရာသော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေထဲက ၂၀၂၂-၂၀၂၃နှစ်အတွက် အဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က တာဝန်ခံကာ ကာကွယ်ရေးဝန်ကြီးဌာန စစ်သုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၃၇၀၀ကျော်(၃၇၁၃.၈၆၆,၇၉၈)ကို သုံးစွဲခဲ့ကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများအရ သိရသည်။

စစ်တပ်က နိုင်ငံကို အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ စရဖဟုခေါ်သည့် စရတ(စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ မြေစာရင်း၊ ပြည်တွင်းအခွန် အပါအဝင် ဌာနဆိုင်ရာများမှာ စစ်တပ်အာဏာသိမ်းမှုကို အခွင့်ကောင်းယူကာ အာဂတိလိုက်စားမှုများ ပိုမိုများပြားလာနေကြောင်းလည်း စစ်တမ်းများအရ သိရသည်။