မင်္ဂလာဆောင်ပွဲအတွင်း ဗုံးပေါက်မှုဖြစ်ကာ ဒေသခံ(၆)ဦးဒဏ်ရာရ၍ လုပ်ဆောင်သူများကို လောင်းလုံး PDF က ပြင်းထန်စွာ ရှုံ့ချ

 မင်္ဂလာဆောင်ပွဲအတွင်း ဗုံးပေါက်မှုဖြစ်ကာ ဒေသခံ(၆)ဦးဒဏ်ရာရ၍ လုပ်ဆောင်သူများကို လောင်းလုံး PDF က ပြင်းထန်စွာ ရှုံ့ချ



  တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့၏ နံနက်ပိုင်းက မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ(၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုသည် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)- LLPDF နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းနှင့် ယင်းလုပ်ဆောင်မှုအား ပြင်းထန်စွာရှုံ့ချကြောင်း LLPDF က သတင်းထုတ်ပြန် အသိပေးထားသည်။

စစ်ကောင်စီဘက်မှ တော်လှန်ရေးပုံရိပ်ကျဆင်းစေရန် နိုင်ငံအဝှမ်းတွင် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်လာ‌နေသည်ကို သိသာထင်ရှားစွာမြင်တွေ့ရသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား ပြည်သူများ အထင်အမြင်လွဲစေရန် လုပ်ကြံဖန်တီးမှုများ ရှိလာနေပြီဖြစ်၍ ပြည်သူများအချိန်နှင့်အမျှ သတိရှိရန်လည်း သတိပေးထားသည်။