အာရှလမ်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် အရပ်သား ၂၀၀ ဝန်းကျင်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ 

အာရှလမ်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် အရပ်သား ၂၀၀ ဝန်းကျင်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းတွင် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ကားသမားများနှင့် မိသားစုဝင်(၂၀၀)ဝန်းကျင်ကို ဒေါနစစ်ကြောင်းက အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ ကော့နွဲ့တပ်စခန်းအား တော်လှန်ရေးတပ်များက (၁၅)ရက်ကြာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာရှလမ်းအား ထိန်းချုပ်ထားရာ ပိတ်မိနေသူများကို သွား‌ရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရှလမ်း၌ ပိတ်မိနေသည့် ကားသမားများနှင့် မိသားစုဝင်(၂၀၀) ဝန်းကျင်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ဒေါနစစ်ကြောင်းက ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုတ်သီးမှုန့်များ၊ နနွင်းမှုန့်၊  အချိုမှုန့်၊ အာလူး၊ ငါးခြောက်နှင့် အဟာရအတွက်  ကြက်သားများ ရောက် ထောက်ပံ့ကူညီပေးခဲ့သည်ဟု သိရသည်။

ကုန်ကျစရိတ် စုစုပေါင်း(၂၅)သိန်းတန်ဖိုးရှိပြီး စစ်ရှောင်ပြည်သူများဖတ်ရှုနိုင်ရန် စာအုပ်များလည်း လှူဒါန်းခဲ့သည်ဟု ဆိုသည်။

ကော့ကရိတ်မြို့တွင်း တိုက်ပွဲများကြောင့် မြို့တွင်းရှိ အရပ်သား (၃၀,၀၀၀)ကျော် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Dawna Column-တောင်ပိုင်းစစ်ဒေသ