မောင်တော အောင်သပြေ နယ်ခြားစောင့်စခန်း AA သိမ်း၊ စခန်းအတွင်း စားနပ်ရိက္ခာများအား အဆိပ်ဖြန်းကာ စစ်ကောင်စီတပ်သားများ ထွက်ပြေး

မောင်တော အောင်သပြေ နယ်ခြားစောင့်စခန်း AA သိမ်း၊ စခန်းအတွင်း စားနပ်ရိက္ခာများအား အဆိပ်ဖြန်းကာ စစ်ကောင်စီတပ်သားများ ထွက်ပြေး

ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်မတ်လ (၁၂)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း AA ထံမှ သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့ပြီး စခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက်မှာလည်း (၁၇၉)ဦးအထိရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သော စားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင် ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန်လည်း သတိပေးထားသည်။

#TachileikNewsAgency

Photo: AA Info Desk