ထောင်မှပြန်လည်လွတ်မြောက်လာသည့် အဆိုတော်စောဖိုးခွား ချက်ချင်း ပြန်လည် ဖမ်းဆီးခံရ

ထောင်မှပြန်လည်လွတ်မြောက်လာသည့် အဆိုတော်စောဖိုးခွား ချက်ချင်း ပြန်လည် ဖမ်းဆီးခံရ
နိုဝင်ဘာ 15, 2022 | 2021 Military Coup| အခြားဒေသများ

 အာဏာသိမ်းအဖွဲ့က ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခံရရာမှ ပြန်လည်လွှတ်မြောက်လာသည့် အဆိုတော် စောဖိုးခွားအား  ၎င်းကို တရားစွဲဆိုထားသည့် အမှုရှိသည်ဟု ဆိုကာ ချက်ချင်းပြန်လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် အဆိုတော် စောဖိုးခွားနှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာပြီးဖြစ်သော်လည်း အဆိုတော် စောဖိုးခွားမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပြန်လည် ဖမ်းဆီး ခံလိုက်ရသည်ဟု သိရသည်။ 

နိုင်ငံ့အာဏာသိမ်းသည့် နေ့မှာပင် ဖမ်းဆီးခံရသည့် အဆိုတော် စောဖိုးခွားကို  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က)  နှင့် ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၂)နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းအား မည်သည့် ပုဒ်မဖြင့် ထပ်မံတရားစွဲဆိုကာ ဖမ်းဆီးခြင်းကိုတော့ မသိရသေးပေ။