ခလရ ၂၈၃မှ အလင်းဝင်လာသည့် ဒုတပ်ကြပ်ကို KNUက ငွေကျပ်သိန်း ၁၅၀ ပေး

ခလရ ၂၈၃မှ အလင်းဝင်လာသည့် ဒုတပ်ကြပ်ကို KNUက ငွေကျပ်သိန်း ၁၅၀ ပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၈၃)တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNUထံ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် အလင်းဝင်ရောက်ကြောင်း သိရသည်။

ဒုတပ်ကြပ် ရဲကိုကို (၂၃)နှစ်သည် လက်နက်ခဲယမ်းများနှင့်အတူ KNU တပ်မဟာ (၆)၊ ကွန်မန်ဒိုတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ပြီး ၎င်းနှင့်အတူ MA-4 ပူးတွဲတစ်လက်၊ (၄၀)မမ ဗုံးသီး (၈)လုံး၊ ကျည်ဘောက် (၄)ဘောက်နှင့် (၅.၅၆)ကျည်တောင့် (၇၅)တောင့်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

၎င်းဒုတပ်ကြပ်သည် တပ်တွင်းကြီးနိုင်ငယ်ညှဉ်းဖိနှိပ်မှုများကို ဆက်လက်သည်းခံနိုင်မှု မရှိတော့သည့်အပြင် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အား မနှစ်သက်သဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဟု သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော ဒုတပ်ကြပ် ရဲကိုကိုအား KNUက ထောက်ပံ့ငွေ ကျပ်သိန်း(၁၅,၀၀၀,၀၀၀)ကူညီခဲ့ကြောင်း သိရသည်။

#TachileikNewsAgency