မတ္တရာမြို့နယ်တွင်းမှ အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ တစ်ပတ်အတွင်း နှုတ်ထွက်ကြရန် မတ္တရာ PDF က သတိပေး 

မတ္တရာမြို့နယ်တွင်းမှ အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ တစ်ပတ်အတွင်း နှုတ်ထွက်ကြရန် မတ္တရာ PDF က သတိပေး 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီက နှုတ်ထွက်သွားသည့် နေရာများတွင် ထပ်မံခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ တစ်ပတ်အတွင်း နှုတ်ထွက်ကြရန် မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၁) ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မတ္တရာမြို့နယ်၊ ကျေးရွာအုပ်စု(၈၈)စုမှ လစ်လပ်သွားသော အုပ်ချုပ်ရေးမှူးများနေရာတွင် အစားထိုးခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများအား အာဏာသိမ်းစစ်ကောင်စီအတွက် အလုပ် လုပ်မပေးကြဘဲ ပြည်သူနှင့်ပူးပေါင်း၍ နှုတ်ထွက်ကြရန် မတ္တရာ PDF က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မတ္တရာမြိုနယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သားများ စောင့်ကြပ်၍ ငွေကြေးတောင်းခံလေ့ရှိသည့် မန်ကျည်းသုံးပင် စစ်ဆေးရေးဂိတ်ကို မတ္တရာ PDF က အဝေးထိန်းမိုင်းဖြင့် ဖေဖော်ဝါရီ လ(၂၈)ရက်နေ့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဆက်စပ်သတင်း

မတ္တရာမြို့တွင် ငွေအတောင်းကြမ်းပြီး စစ်ကောင်စီတပ်သားများရှိသည့် မန်ကျည်းသုံးပင်စစ်ဆေးရေးဂိတ်ကို PDF က မိုင်းခွဲ