အိန္ဒိယတွင် ပြင်းထန်သည့်အပူလှိုင်း ဖြတ်သန်းနေပြီး ဒေလီမြို့၏ အပူချိန် (၄၉) ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင် မြင့်တက်ခဲ့

အပူဒဏ်ကြောင့် ရေရှားမှုနှင့်အတူ မျှဝေသုံးစွဲနေရမှု မြင်ကွင်း [ Photo: GETTY IMAGES ]
အပူဒဏ်ကြောင့် ရေရှားမှုနှင့်အတူ မျှဝေသုံးစွဲနေရမှု မြင်ကွင်း [ Photo: GETTY IMAGES ]
အိန္ဒိယတွင် ပြင်းထန်သည့်အပူလှိုင်း ဖြတ်သန်းနေပြီး ဒေလီမြို့၏ အပူချိန် (၄၉) ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင် မြင့်တက်ခဲ့
By Mr John

အိန္ဒိယတွင် ပြင်းထန်သည့်အပူလှိုင်း ဖြတ်သန်းနေပြီး ဒေလီမြို့၏အပူချိန် (၄၉) ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင် မြင့်တက်ခဲ့

အိန္ဒိယနိုင်ငံမြောက်ပိုင်းတစ်လျှောက် ပြင်းထန်သည့် အပူလှိုင်းဖြတ်သန်းနေပြီး မြို့တော်ဒေလီ၏ နေရာများတွင် မေလ (၁၅) ရက်နေ့က အပူချိန် (၄၉.၂) ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုအပူလှိုင်းများ မတ်လနောက်ပိုင်း ဒေလီတွင် ပဥ္စမမြောက်အပူလှိုင်းလည်း ဖြစ်သည်။

အပူချိန်များ ဆက်လက်မြင့်တက်နေရန်ရှိနေရာ အိန္ဒိယ နေရာဒေသအများအပြားတွင် အစိုးရတာဝန်ရှိသူတွေက အများပြည်သူကို သတိပြုနေထိုင်ကြရန် ပြောထားသည်။



အပူချိန်ကြောင့် နို့စို့အရွယ်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ အပါအဝင် ထိခိုက်လွယ်သူများတွင် ကျန်းမာရေးစိုးရိမ်စရာများ ဖြစ်စေနိုင်ကြောင်း အစိုးရတာဝန်ရှိသူတွေက သတိပေးထားသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အထူးသဖြင့် Himachal Pradesh ၊ Haryana ၊ Uttarakhand ၊ Panjab နှင့် Bihar ပြည်နယ်တို့တွင် အပူချိန်များ မြင့်တက်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောသည်။



အိန္ဒိယမိုးလေဝေသဌာန၏ အဆိုအရ နေရာဒေသအချို့တွင် အပူချိန်များ (၂) မှ (၄) ဒီဂရီဆဲလ်စီးယပ် ကျဆင်းသွားဖွယ်ရှိကြောင်း၊ သို့သော် ပြင်းထန်သည့်အပူချိန် လျော့ကျသွားနိုင်ဖွယ်မရှိသေးကြောင်း သိရသည်။

ယခုနှစ် နွေရာသီကာလအတွင်း အိန္ဒိယမြောက်ပိုင်းတွင် ပြင်းထန်သည့်အပူလှိုင်းများကြောင့် လူဦးရေ သန်းနှင့်ချီပြီး အသက်မွေးဝမ်းကျောင်းအလုပ်များတွင် အခက်အခဲကြုံခဲ့ရသည်။



အိန္ဒိယတွင် အပူချိန်များ မြင့်တက်လာမှုမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်နေခဲ့ရာ ပြင်းထန်သည့်အပူချိန်သက်ရောက်မှု လျော့ပါးသက်သာစေရေး အစီအစဥ်များ ရေးဆွဲဆောင်ရွက်ကြရန်ဝန်ကြီးချုပ်မိုဒီက ယခုလအစောပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်များကို မှာကြားခဲ့သည်။

အိန္ဒိယတွင် အထူးသဖြင့် မေလနှင့် ဇွန်လအတွင်း အပူချိန်များ ပုံမှန်မြင့်တက်လေ့ရှိသော်လည်း  ယခုနှစ်တွင် နွေရာသီကာလ စောစီးစွာ စတင်ခဲ့ကား မတ်လကတည်းက အပူချိန်များ မြင့်တက်နေခဲ့ပြီး ပထမဆုံး အပူလှိုင်းဖြတ်သန်းခဲ့ကြောင်း သိရသည်။



အိန္ဒိယတွင် ယခုနှစ် မတ်လ၏ ပျမ်းမျှ အမြင့်ဆုံးအပူချိန်မှာ နှစ်ပေါင်း (၁၂၂) နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

ယခုနှစ်တွင် အစောပိုင်း အပူလှိုင်းဖြတ်သန်းမှုကို သင့်တင်မျှတသည့် အပူချိန်ရှိမှုကြောင့် လူသိများသော Himachal Pradesh အပါအဝင် အိန္ဒိယ၏ ပြည်နယ် (၁၅) ခုခန့်တွင် ကြုံခဲ့ရကြောင်း သိပ္ပံနှင့် ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ Centre for Science and Environment က ပြောသည်။



Source: BBC

 

ဆက်စပ်သတင်း