လားရှိုး - မူဆယ်လမ်းပေါ် စစ်အုပ်စုထုတ် ဘီယာများကို တွေ့ရှိသိမ်းဆည်းကာ ဖျက်ဆီး၊ သယ်ဆောင်လာသူကို သတိပေးပြီး ပြန်လွှတ်

Photo: People Security And defense Army - Muse
Photo: People Security And defense Army - Muse
လားရှိုး - မူဆယ်လမ်းပေါ် စစ်အုပ်စုထုတ် ဘီယာများကို တွေ့ရှိသိမ်းဆည်းကာ ဖျက်ဆီး၊ သယ်ဆောင်လာသူကို သတိပေးပြီး ပြန်လွှတ်
ဧပြီ 25, 2022 | ရှမ်းမြောက်

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး - မူဆယ်လမ်းတွင် ယနေ့ ဧပြီလ(၂၅)ရက် ညနေပိုင်းက အာဏာသိမ်းစစ်အုပ်စုထုတ် မြန်မာဘီယာများ တင်ဆောင်လာသည့် လိုင်းကားအား စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း PSDA တပ်ဖွဲ့က သတင်း ထုတ်ပြန်လာသည်။

လားရှိုး - မူဆယ်လမ်းတွင် လိုင်းကားများကို စစ်ဆေးမှုပြုလုပ်နေချိန် မြန်မာဘီယား သံဗူးဖာ (၅၀) နှင့် မြန်မာဘီယား ပုလင်း (၂၀)ဖာအား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ဖျက်ဆီးခဲ့ကြောင်း People Security And defense Army - Muse က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

တင်ဆောင်လာသည့် ယာဉ်မောင်းနှင့်ကားအား နောက်နောင်တွင် စစ်အုပ်စု စီပွားရေးထုတ်ကုန်းများ တင်ဆောင်ခြင်းမပြုလုပ်ရန် သတိပေးကာ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် - မူဆယ်၊ မန္တလေး - မူဆယ်၊ လာရှိုး - မူဆယ်  စသည့် လမ်းပိုင်းပေါ် ပြေးဆွဲနေသည့် လိုင်းကားသမားများအ‌နေဖြင့် စစ်အုပ်စု၏ ထုတ်ကုန်းများမတင်ဆောင်ကြရန်နှင့် တွေ့ရှိပါကထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။