လှော်ကားနယ်မြေရဲစခန်းအနီးဝန်းကျင်တွင် ဗုံးပေါက်ကွဲ

လှော်ကားနယ်မြေရဲစခန်းအနီးဝန်းကျင်တွင် ဗုံးပေါက်ကွဲ
ဖေဖော်ဝါရီ 15, 2022 | အခြားဒေသများ

ရန်ကုန်​မြောက်ပိုင်းခရိုင်၊  ရွှေပြည်သာမြို့နယ်အတွင်းရှိ လှော်ကားနယ်မြေရဲစခန်းအနီးဝန်းကျင်တွင် ယနေ့ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ည (၇)နာရီခွဲဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်သံများကြားရကြောင်း သိရသည်။

ဗုံးပေါက်တာ လူတော့ မထိသွားဘူး။ အခု စစ်ခွေးတွေ ပိတ်စစ် ဆေးနေတယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိ‌တွင် ယင်းနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ညနေ (၅)နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့သေးသည်။

အဆိုပါ ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  Generation Z Defence Force & Supply Army (GZDF) နှင့် Human Rights Defenders (HRD) မဟာမိတ်ပူပေါင်းအဖွဲ့မှ ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ(၁၄)ရက်၊ ညပိုင်းကလည်း မြောက်ဥက္ကာလာပမြို့နယ်၊ အဝိုင်းကြီးရှိ မီတာရုံး ဗုံး(၃)လုံး ဆက်တိုက်ပေါက်ကွဲပြီးနောက် ယနေ့တွင် အကာအရံအသစ်များ ထပ်မံပြုလုပ်နေကြောင်း သိရသည်။