အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း ကန့်သတ်လက်နက်ဟု ယူဆရသည့် လက်နက်များသုံးစွဲ တိုက်ခိုက်

ဒေါငံခါးရပ်ကွက်တွင် အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလ ၂၇ ရက်နေ့က ပစ်လိုက်သည့် လက်နက်ကြီးကျည်အား ဖေဖေါ်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်

By Tachileik News Agency

ကရင်နီ (ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်က ကန့်သတ်လက်နက်ဟု ယူဆရသည့် လက်နက်များကို သုံးစွဲနေကြောင်း ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်က၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် တိုက်ပွဲမရှိဘဲ  ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်အတွင်းကို လက်နက်ကြီးကျည် (၃)လုံးပစ်ခတ်ခဲ့ရာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ တူးဖေါ်ကြည့်ချိန်အထိ လောင်ကျွမ်းနေဆဲဖြစ်သည်ကို တွေ့ရပြီး အငွေ့ရှုမိသော ရဲဘော်အချို့ ချောင်းဆိုးယားယံမှုများဖြစ်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ပစ်ခတ်ထားသည့် လက်နက်ကြီးကျည်များမှာ ၎င်းတို့အသုံးပြုနေကျ ၆၀ မမ၊ ၁၂၀ မမ များမဟုတ်ဘဲ မီးစုံးကဲ့သို့ လင်းနေသည်ကိုလည်း တွေ့ရသည်ဟု သိရသည်။

နိုင်ငံ့ဘတ်ဂျက်အများဆုံးသုံးစွဲနေသည့် အာဏာသိမ်းစစ်တပ်သည် ပြည်တွင်း၌ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြင့် တိုက်ခိုက်လာသည့်တလျှောက်လုံးနှင့် လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများအား တိုက်ခိုက်မှုများတွင် ကျင့်ဝတ်သိက္ခာမရှိသည့်လုပ်ရပ်များစွာကို တောက်လျှောက်ကျူးလွန်နေခဲ့သည့် အထောက်အထားများစွာပေါ်ထွက်လာနေသည်ကို တွေ့ရသည်။