ကယားပြည်နယ် လွိုင်ကော်လေဆိပ်တွင် ဝူဟန်အဆုပ်ရောင်ရောဂါ ကာကွယ်ရေးစောင့်ကြည့်စစ်ဆေးမှုများအဖြစ် ပူးပေါင်း ဆောင်ရွက်နေ

ကယားပြည်နယ် လွိုင်ကော်လေဆိပ်တွင် ဝူဟန်အဆုပ်ရောင်ရောဂါ ကာကွယ်ရေးစောင့်ကြည့်စစ်ဆေးမှုများအဖြစ် ပူးပေါင်း ဆောင်ရွက်နေ
ဇန်နဝါရီ 31, 2020
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်လေဆိပ်တွင်  ဝူဟန်အဆုပ်ရောင်ရောဂါ ကာကွယ်ရေးစောင့်ကြည့်စစ်ဆေးမှုများအဖြစ် ပူးပေါင်း ဆောင်ရွက်နေ 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လေဆိပ်တွင်  ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကာကွယ်ရေး အတွက် စောင့်ကြည့်စစ်ဆေးမှုများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် လွိုင်ကော်လေဆိပ်၌ ရောက်ရှိလာသည့် ခရီးသွားပြည်သူများအား ကျန်းမာရေးဦးစီးဌာန၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ လွိုင်ကော်တပ်ဖွဲ့စု နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ တိုင်းတာစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်၍ လွိုင်ကော်လေဆိပ်မှ ဝင်ထွက်သွားလာကြသည့် နိုင်ငံခြားသားခရီးသွားများ အပြင် ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများအား ဝူဟန်အဆုပ်ရောင်ဂါ လက္ခာများသံသယဖြစ်ဖွယ်ရာ ရှိ မရှိကို ကိုယ်အပူရှိန် တိုင်းတာသည့် စက်ကိရိယာအားအသုံးပြု၍ လေယာဉ်ခရီးစဉ်ရှိသည့် နေ့များတွင် စောင့်ကြည့် စစ်ဆေးမှုများ   ပြုလုပ်သွားမည် ဖြစ်ကြောင်း ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံက သိရသည်။

ကယားပြည်နယ်အတွင်း လေဆိပ်၊ ကားဂိတ်များတွင် နိုင်ငံခြားသားခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စစ်ဆေးခြင်းအပြင် ဟိုတယ်များတွင် တည်းခိုနေထိုင်သော ဧည့်သည်များ အဖျားဝေဒနာများ၊ သံသယဖြစ်စရာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်း လာရောက် အကြောင်းကြား ပို့ဆောင်ပေးရန် ဟိုတယ်များအား ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက  ညွှန်ကြားထားကြောင်းလည်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Thar Gyi

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~