နတ်ချောင်းရွာ၏ ညတိုက်ပွဲတွင် တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားကြသည့် ကလေး PDF တပ်ဖွဲ့ဝင် (၄)ဦး၏ ဈာပန

Photo:  ကလေး PDF
Photo:  ကလေး PDF
 နတ်ချောင်းရွာ၏ ညတိုက်ပွဲတွင် တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားကြသည့် ကလေး PDF တပ်ဖွဲ့ဝင် (၄)ဦး၏ ဈာပန
ဇန်နဝါရီ 19, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတွင် ဇန်နဝါရီလ(၁၆)နေ့က ဖြစ်ပွားခဲ့သည့် ညတိုက်ပွဲတွင် တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားကြသည့်  ကလေးမြို့ ပကဖ ရဲဘော် (၄)ဦးအတွက် သက်ပျောက်တရားနာခြင်းနှင့် အသုဘချ အမိန့်ပြန်တမ်း ဈာပနာ ကို ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ကလေး PDF က ထုတ်ပြန်ထားသည်။

ပြည်သူ့အတွက် အသက်စွန့်ခဲ့ကြသော ကလေးမြို့ပကဖမှ ကျဆုံးရဲဘော်(၄)ဦးမှာ အသက်(၄၀)နှစ်ရှိ ကိုငယ်လေး နှင့် ကိုအဲသား၊ အသက်(၄၄)နှစ်ရှိ ကိုငွေသွား နှင့် အသက်(၄၆)နှစ်ရှိ ကိုအဲပွေတို့ ဖြစ်ပြီး ၎င်းတို့အတွက် သက်ပျောက်တရားနာခြင်းနှင့် အသုဘချ အမိန့်ပြန်တမ်း အခမ်းအနားကို နတ်ချောင်းသုသာန်တွင် ပြုလုပ်ပေးခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူ့ဘက်က ရပ်တည်ကာကွယ်ခဲ့ကြသော ကျဆုံးသူရဲကောင်းများ ကောင်းရာဘုံဘ၀မှာ အေးချမ်းနိုင်ရန်၊ အသက်စွန့်ပေးဆပ်ခဲ့ကြသည့် ရဲဘော်အပေါင်းတိုအား တိုင်တည်လျက် စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲ၀င်မည်ဟု ကလေး PDF က ထုတ်ပြန်ထားသည်။

ယင်းနေ့က အကြမ်းဖက် စစ်ကောင်စီတပ်သည် နတ်ချောင်းရွာကို မီးရှို့ခဲ့ရာ ဒေသခံ(၄၂)ဦး၏ နေအိမ်များ မီးလောင်ပျက်ဆီးခဲ့ကြရသည်။