ကျုံကဒတ်ရဲ့ အကြီးဆုံး ဒလန်အဖြစ် နာမည်ထွက်နေသည့် ဌေးအောင်ကို မှောင်ရီစပျိုးချိန်တွင် PDF က ရှင်းလင်း

ကျုံကဒတ်ရဲ့ အကြီးဆုံး ဒလန်အဖြစ် နာမည်ထွက်နေသည့် ဌေးအောင်ကို မှောင်ရီစပျိုးချိန်တွင် PDF က ရှင်းလင်း
ဇန်နဝါရီ 16, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကျုံကဒတ်စံပြကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးဆုံး ဒလန်အဖြစ် နာမည်ထွက်နေသည့် ဌေးအောင်ဆိုသူကို ယနေ့ဇန်နဝါရီလ(၁၆)ရက်၊ မှောင်ရီစပျိုးချိန် ညနေပိုင်းက ရှင်းလင်းလိုက်ကြောင်း သံဖြူဇရပ် PDF က သတင်းထုတ်ပြန်လာသည်။ 

ပြီးခဲ့သည်းနှစ် အောက်တိုဘာလကလည်း သံဖြူဇရပ်မြို့၊ အောင်ချမ်းသာရပ်ရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလကလည်း သံဖြူဇရပ် အထွေထွေအုပ်ချူပ်ရေးမှူးရုံးကို မိုင်းဖေါက်ခွဲ သတိပေးမှုပြုလုပ်ခဲ့သေးသည်။

သံဖြူဇရပ် PDF အနေဖြင့် သံဖြူဇရပ်မြို့တွင် စစ်ကောင်စီကို ဒေါက်တိုင်ပေးနေသည့် ဒလန်ပေါသည့်မြို့ဖြစ်သဖြင့် စစ်ကောင်စီ ကို ဒေါက်တိုင်ပေးနေသူ မည်သူမဆို သုတ်သင်သွားမည်ဟုလည်း သံဖြူဇရပ် PDF က အသိပေး ထုတ်ပြန်ထားသည်။