သင်္ဃန်းကျွန်းမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို အာဏာသိမ်းအဖွဲ့က ထုတ်ပြန်

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို အာဏာသိမ်းအဖွဲ့က ထုတ်ပြန်
ဇန်နဝါရီ 6, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ကို အာဏာသိမ်းအဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့မှ မတ်လ (၄) ရက်နေ့အထိကာလအတွင်း ညမထွက်ရအမိန့်ကို ဇန်နဝါရီလ(၅)ရက်က ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နေ့စဉ် ည (၁၀)နာရီမှ နောက်တစ်နေ့ နံနက် (၄)နာရီအထိ ညမထွက်ရဟု အမိန့်ထုတ်ထားသည့်အပြင် လူ (၅) ဦး သို့မဟုတ် (၅) ဦးထက်ပို၍ အများပြည်သူပိုင်လမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်၊ အများနှင့် သက်ဆိုင်သည့်နေရာများတွင် စုဝေးခြင်းမပြုရဟုပါ အမိန့်ထုတ်ထားသည်ကို တွေ့ရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်းများ မလုပ်ရဟု အာဏာသိမ်းအဖွဲ့၏ ညမထွက်ရအမိန့်တွင် ဖေါ်ပြထားသည်။

အဆိုပါအမိန့်ကို အာဏာသိမ်းအဖွဲ့၏ မြို့နယ်ထွေအုပ်ရုံးက ဇန်နဝါရီလ(၅)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။