KNDF B-02 က အထူးလေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ သင်တန်းဆင်း

Photo: KNDF B-02
Photo: KNDF B-02
KNDF B-02 က အထူးလေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ သင်တန်းဆင်း
ဒီဇင်ဘာ 30, 2021 | ကယား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)/B-02 က အင်အားဖြည့်တင်းရေး သင်တန်းတွင် အထူးလေ့ကျင့်ထားသည့် တပ်ဖွဲ့ဝင်များ သင်တန်းဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အထူးလေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များကိုကျွမ်းကျင်စွာ ပစ်ခတ်နိုင်သော ထူးချွန်သည့်တပ်ဖွဲ့ဝင်သစ်များလည်း ပါဝင်ခဲ့ကြပြီး လက်နက်ခဲယမ်းဖြည့်တင်းပေးရန် လိုအပ်နေသေးကြောင်း KNDF B-02 ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည်  လစာရိက္ခာမရှိဘဲ ပြည်သူ့ကူညီမှုဖြင့် စစ်အာဏာရှင်အား  တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တစ်ဖွဲ့ဖြစ်သည်။