တော်လှန်ရေးတပ်များ ပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီတပ်၏ တိုက်လေယာဥ် ပျက်ကျသွားသည့် နေရာကို ကလလတ ဖော်ပြ

တော်လှန်ရေးတပ်များ ပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီတပ်၏ တိုက်လေယာဥ် ပျက်ကျသွားသည့် နေရာကို ကလလတ ဖော်ပြ
ဇူလိုင် 5, 2023 | 2021 Military Coup| ကယား

ကယားပြည်နယ် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ သံလွင်မြစ်ဘေး၌ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ပစ်ချခံရကာ ပျက်ကျသွားသည့်နေရာအား ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၅)ရက်နေ့တွင် ဖော်ပြလာသည်။

၎င်းစစ်ကောင်စီတပ်၏ တိုက်လေယာဉ်ကို ပြီးခဲ့သည့် ဇွန်လ (၃၀)ရက်နေ့က တော်လှန်ရေးတပ်များက ပစ်ချခဲ့ပြီးနောက် အဆိုပါ တိုက်လေယာဉ် ပျက်ကျသွားရာနေရာသို့ စစ်ကောင်စီ၏ လေယာဉ်များနှင့် ရဟတ်ယာဉ်များ ရောက်ရှိလာခဲ့သဖြင့် အနားမကပ်နိုင်ခဲ့ဘဲ ယနေ့ ဇူလိုင်လ (၅)ရက်နေ့တွင်သာ ဒရုန်းဖြင့်ရိုက်ကူးထားသည့် ဓာတ်ပုံကို ဖော်ပြလာခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : ကလလတ