နိုင်ငံ​တော်​သမ္မတ၏ လွတ်​ငြိမ်းသက်​သာခွင့်​ဖြင့့််​ လွိုင်​​ကော်​​အကျဉ်း​ထောင်​မှ အကျဉ်းသားအကျဉ်းသူ (၉၃) ဦးလွှတ်​​မြောက်

နိုင်ငံ​တော်​သမ္မတ၏ လွတ်​ငြိမ်းသက်​သာခွင့်​ဖြင့့််​ လွိုင်​​ကော်​​အကျဉ်း​ထောင်​မှ အကျဉ်းသားအကျဉ်းသူ (၉၃) ဦးလွှတ်​​မြောက်
ဧပြီ 17, 2019
By Tachileik News Agency

နိုင်​ငံ​တော်​သမ္မတ၏ ပြစ်​ဒဏ်​လွတ်​ငြိမ်းသက်​သာခွင့်​ဖြင့်​ ကယားပြည်​နယ်​ ၊ လွိုင်​​ကော်​အကျဉ်း​ထောင်​မှ အကျဉ်းသား အကျဉ်းသူ (၉၃)ဦးအား လွတ်​​မြောက်​ခွင့်​​ပေးခဲ့ပြီးနောက် ၂၀၁၉ခုနှစ် ဧပြီလ (၁၇)ရက်​​နေ့ ​နေ့လည်​ပိုင်းမှစ၍ အကျဉ်း​ထောင်​မှ လွှတ်​​ပေးလိုက်​ပြီ ဖြစ်ကြောင်း သိရသည်​။

နိုင်​ငံ​တော်​သမ္မတ၏ ပြစ်​ဒဏ်​လွတ်​ငြိမ်းသက်​သာခွင့်​ ဖြင့်​ လွိုင်​​ကော်​အကျဉ်း​ထောင်​မှ အမျိုးသား (၈၃)ဦး ၊အမျိုးသမီး (၁၀)ဦးတို့အား လွတ်​ငြိမ်းသက်​သာခွင့်​ ပြုခဲ့ပြီး လွတ်​​မြောက်​လာ​သော အကျဉ်းသားများ နှင့်​ပက်​သက်​၍ ပြစ်​မှုပြစ်​ဒဏ်​ကျခံ​နေရ​ခြင်းများ အားသက်​ဆိုင်​ရာမှ အ​သေးစိတ်​ထုတ်​ပြန်​​ပေးခြင်းမရှိ​သေးပဲ လွှတ်​​မြောက်​လာသူများအား  ၎င်းတို့၏ မိဘ ​ဆွေမျိုးများမှ လာ​ရောက်​ကြိုဆိုခဲ့ကြ​ကြောင်း သိရသည်​။

နိုင်​ငံ​တော်​သမ္မတမှ မြန်​မာနှစ်​သစ်​အခါသမယ အထိမ်းအမှတ်အနေဖြင့် လည်းကောင်း၊ ပြည်သူလူထု စိတ်ဝမ်း အေးချမ်းစေရေး နှင့်လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်း ကောင်း ၊ အကျဉ်းထောင်အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား အကျဉ်းသူ (၉၅၃၅) ဦးအား ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ - ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ ဧပြီလ ၁၇ ရက်​​နေ့တွင်​ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်​ခြင်ူဖြစ်​ပြီး ကယားပြည် နယ်၊ လွိုင်ကော် အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ (၉၃) ဦးလွတ်​​မြောက်​ခဲ့ခြင်းဖြစ်​သည်​။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net