ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာ နှင့် ခြေတော်ရာဘုရားအနီးတိုက်ပွဲ အခြေအနေ

Photo: KNDF
Photo: KNDF
ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာ နှင့် ခြေတော်ရာဘုရားအနီးတိုက်ပွဲ အခြေအနေ
ဒီဇင်ဘာ 3, 2021 | ကယား

 

ကယား (ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီးတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ နေ့လယ် (၁) နာရီဝန်းကျင်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့ တိုက်ပွဲဖြစ်ပြီးပြီးနောက် အာဏာသိမ်းတပ်က ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း သိရသည်။

ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် လူနေအိမ် (၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းတပ်က ခြေတော်ရာဘုရားတောင်နှင့် သဲတောင်တို့တွင်တပ်စွဲထားပြီး တောင်ခြေရပ်ကွက်များသို့ တပ်ဖြန့်ကာ ပြည်သူ့ ပစ္စည်းဥစ္စာများကို လုယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်စီးခြင်းများကိုလည်း လုပ်နေကြောင်း သိရသည်။