အောင်ပန်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဒေါက်တိုက်များကို သတိပေးသည့်အနေဖြင့် စာသင်ကျောင်း(၂)ကျောင်းကို ဖောက်ခွဲ

အောင်ပန်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဒေါက်တိုက်များကို သတိပေးသည့်အနေဖြင့် စာသင်ကျောင်း(၂)ကျောင်းကို ဖောက်ခွဲ
နိုဝင်ဘာ 10, 2021 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း အောင်ပန်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဒေါက်တိုက်များကို သတိပေးသည့်အနေဖြင့် စာသင်ကျောင်း(၂)ကျောင်းကို  ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း KLT PDF က သတင်းထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက (၁၁)နာရီဝန်းကျင်အချိန် အောင်ပန်းမြို့ အမှတ်(၁)ရပ်ကွက်နှင့် လှည်းရိုးရပ်ကွက်တွင်းရှိ အထက(၅)နှင့် အထက(၈) ကျောင်းတို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်ကို နာခံနေသည့် ဒေါက်တိုက်များအား သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး ကျောင်းသား လူငယ်များကို ထိခိုက်စေရန် ဆန္ဒမရှိကြောင်း ကလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLT PDF)က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့များက ဆက်လက်၍လည်း အာဏာသိမ်းစစ်ကောင်စီ နှင့် ဒေါက်တိုင်များကို အခွင့်အရေးရလျှင် ရသလို ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်သည့်အတွင် အာဏာသိမ်းစစ်ကောင်စီ နှင့် ပတ်သက်သူများ၏ အနီးတွင် သွားလာခြင်းများ မပြုလုပ်ရန် အသိပေးထားရှိသည်။