လွိုင်လင် NLD ပါတီ ဥက္ကဌ ဦးရဲလှိုင်အား အာဏာသိမ်းအဖွဲ့က ပုဒ်မ(၃)ခုဖြင့် ငွေဒဏ် အပါအဝင် ထောင်ဒဏ် (၁၉)နှစ်ချ

လွိုင်လင် NLD ပါတီ ဥက္ကဌ ဦးရဲလှိုင်အား အာဏာသိမ်းအဖွဲ့က ပုဒ်မ(၃)ခုဖြင့် ငွေဒဏ် အပါအဝင် ထောင်ဒဏ် (၁၉)နှစ်ချ
ဒီဇင်ဘာ 30, 2021 | ရှမ်းတောင်

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် လွိုင်လင်မြို့နယ် NLD ပါတီ ဥက္ကဌ၊ လွိုင်လင်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးရဲလှိုင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ထောင်ဒဏ် (၁၉)နှစ်နှင့် ငွေဒဏ် ကျပ် (၁) သိန်း အမိန့်ချလိုက်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ဦးရဲလှိုင်အား  ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် (၂) နှစ်၊ ပုဒ်မ ၁၂၃ ဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ ပုဒ်မ ၁၂၄ (ဃ) ဖြင့် ထောင်ဒဏ် (၇) နှစ်နှင့် ဒဏ်ငွေကျပ် (၁) သိန်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ဦးရဲလှိုင်အား မတ်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးပုဒ်မဖြင့် စွဲဆိုခံရသူများကို ပြစ်မှုကျူးလွန်သူများထက် ပြစ်ဒဏ်ကြီးလေးစွာချမှတ်နေသည်ကို တွေ့လာရသည်။