ကယားပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ကရင်နီတပ်မတော် နှင့် KNDF တို့ ပြန်လည်ခုခံရာ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား

ကယားပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ကရင်နီတပ်မတော် နှင့် KNDF တို့ ပြန်လည်ခုခံရာ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား
သြဂုတ် 28, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်း ကွန်နားကျေးရွာ နှင့် ဒေါတဟေးကျေးရွာအနီးတွင် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်အား KA ၊ KNDF တို့မှ ပြန်လည်ခုခံတိုက်ခိုက်ရာ ယနေ့ ဩဂုတ်လ(၂၈)ရက်နေ့ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ် ဖြစ်ပွားပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း KNDF က သတင်းထုတ်ပြန်ထားရှိသည်။

ယနေ့ ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က ကွန်နားကျေးရွာ နောင်လုံရေကန်အနီးတွင် တိုက်ပွဲ တစ်ကြိမ်၊ ဒေါတဟေးကျေးရွာအနီးတွင် နေ့လည်နှင့် ညနေပိုင်းတို့တွင် (၃)ကြိမ် စုစုပေါင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မတော်(KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့မှ ပူးပေါင်းခုခံတိုက်ခိုက်ရာက အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က သေဆုံးမှုများသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းနှင့် လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က အင်အား (၃၀၀)ကျော်ဖြင့် ထိုးစင်ဆင်ပြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကွန်နားကျေးရွာရှိ နေအိမန်များ ပျက်စီးခဲ့ရသလို တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးသိမ်းရှောင်နေရကြောင်းလည်း သိရှိရသည်။