CDM ရဲများဖြင့်  ကရင်နီပြည်နယ်ရဲတပ်ဖွဲ့(KSP) ဖွဲ့စည်း

CDM ရဲများဖြင့်  ကရင်နီပြည်နယ်ရဲတပ်ဖွဲ့(KSP) ဖွဲ့စည်း
သြဂုတ် 25, 2021 | ကယား

စစ်အာဏာသိမ်းမှုကို ဖီဆန် ဆန့်ကျင်သည့် CDM ရဲ (၃၂၀)ဖြင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့(KSP)ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့သည် စံပြ ပြည်သူရဲများအဖြစ် တော်လှန်ရေးကာလတွင် ပြည်သူများ၏ လိုအပ်ချက်များအရ လုပ်ငန်းစဉ်များချမှတ်ကာ အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။