လားရှိုးမြို့တွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၇၃)ဦး ထပ်တိုးလာ၍ (၂၅)ရက်အတွင်း အတည်ပြုလူနာ (၄၈၀)အထိ ရှိလာ

လားရှိုးမြို့တွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၇၃)ဦး ထပ်တိုးလာ၍ (၂၅)ရက်အတွင်း အတည်ပြုလူနာ (၄၈၀)အထိ ရှိလာ
ဇူလိုင် 1, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ တနေ့အတွင်း COVID 19 အတည်ပြုလူနာ (၇၃) ဦး ထပ်တိုးလာသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၄၈၀) ဦးရှိလာပြီဖြစ်ပြီး သေဆုံးရသူ (၇) ဦးရှိနေပြီဖြစ်သည်။

အသွားအလာကန့်သတ်ထားသူများ၊ အတည်ပြုလူနာနှင့်ထိတွေ့သူများ၊ အနံ့ပျောက်နေသူများ စုစုပေါင်းလူဦးရေ (၂၀၀) ကျော်ကို ဇူလိုင်လ (၁) ရက်နေ့တွင် စစ်ဆေးရာ အတည်ပြုလူနာ (၃၇) ဦးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

အတည်ပြုလူနာများ တိုးလာနေသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး၌ နေရာမလုံလောက်တော့သဖြင့် မိုးလုံလေလုံ အားကစားခန်းမကို COVID 19 ကုသဆောင်အဖြစ် အသုံးပြုနေရခြင်းဖြစ်သည်။

အတည်ပြု လားရှိုးမြို့ကို Stay at Home ကြေညာပြီး ဈေး၊ ကျောင်းများ ယာယီပိတ်ထားသော်လည်း အတည်ပြုလူနာအရေအတွက် တိုးလာနေဆဲဖြစ်သည်။

လားရှိုးမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့က စတင်ကာ ဒေသတွင်း ကူးစက်မှု ဖြစ်ပွားခဲ့ရာမှ ဇူလိုင်လ(၁)ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း (၄၈၀)အထိ ရှိလာခြင်း ဖြစ်ပြီး (၇)ဦးမှာ ရောဂါအခံရှိသူများဖြစ်၍ သေဆုံးခဲ့ရကြောင်း သိရသည်။