တာချီလိတ်မှ COVID-19 ဓာတ်ခွဲနမူနာများကို ရှမ်းပြည်နယ်အတွင်းဖြစ်သည့် တောင်ကြီးမြို့သို့ပါ ပို့စစ်နိုင်တော့မည်

တာချီလိတ်မှ COVID-19 ဓာတ်ခွဲနမူနာများကို ရှမ်းပြည်နယ်အတွင်းဖြစ်သည့် တောင်ကြီးမြို့သို့ပါ ပို့စစ်နိုင်တော့မည်
စက်တင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ်မှ COVID-19 ဓာတ်ခွဲနမူနာများကို ရှမ်းပြည်နယ်အတွင်းဖြစ်သည့် တောင်ကြီးမြို့သို့ပါ ပို့စစ်နိုင်တော့မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ COVID-19 ဓာတ်ခွဲနမူနာများကို ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်မြို့တို့တွင် စစ်ဆေးနေရာမှ အနီးစပ်ဆုံးအနေဖြင့် တောင်ကြီးမြို့သို့ပါ ပို့ဆောင်စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
"တောင်ကြီးရဲ့ စစ်ဆေးနိုင်တဲ့ ရက်က အကန့်အသတ်ရှိတော့ ကျိုင်းတုံကနေ စုပြီးသွားမယ့် သဘောရှိတယ်။ ရန်ကုန်က ကန့်သတ်ချက်မရှိတော့ ဘယ်နှစ်ရာပို့ပို့ ပို့လို့ရတယ်။ တောင်ကြီးက လူဦးရေအကန့်အသတ်တော့ ပြောမထားဘူး"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့၌ ပြောသည်။
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနှင့် လာအိုမှ နေရပ်ပြန်များ၊ ပြစ်ဒဏ်စေ့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများ၊ Stay at Home သတ်မှတ်ထားသည့် ပြည်တွင်းဒေသများမှ လာသူများ၊ စောင့်ကြည့်လူနာများကို COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ၌ ယခင်က ရန်ကုန်သို့ပါ ပို့စစ်နေရာမှ စက်တင်ဘာလ(၁၀)ရက်နေ့ကစ၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင်လည်း စစ်ဆေးလာနိုင်ခြင်းဖြစ်သည်။
တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Covid-19 ဓါတ်ခွဲနမူနာများကို တစ်ကြိမ်လျှင် (၁၆)ခုသာ စစ်နိုင်ပြီး အခြားရောဂါများကိုလည်း စစ်ဆေးရမည်ဖြစ်သည့်အတွက် တစ်ပတ်လျှင် (၃)ရက်သာ စစ်နိုင်ခြင်းကြောင့် ဓါတ်ခွဲနမူနာ အရေအတွက်များပါက အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) ( NHL ) သို့ ပေးပို့ စစ်ဆေးနေရာမှ ယခုအခါတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ပို့ဆောင်စစ်ဆေးနိုင်တော့မည် ဖြစ်သည်။
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) ( NHL )တွင် ရန်ကုန်မြို့မှ ဓါတ်ခွဲနမူနာများ အပါအဝင် တစ်နိုင်ငံလုံးမှ ပေးပို့လာသည့် ဓါတ်ခွဲနမူနာများကို စစ်ဆေးပေးနေရသည့်အတွက် အဖြေထွက်ချိန် စောင့်ဆိုင်းမှု ကြာနိုင်သော်လည်း တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အတွင်းမှ ဓါတ်ခွဲနမူနာများကိုသာ စစ်ဆေးပေးနေသည့်အတွက် အဖြေထွက်ချိန် မြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~