ကျောက်မဲမြို့တွင် မန္တလေးမြို့က ပြန်လာသည့် အမျိုးသမီးတစ်ဦးထံမှ Covid-19 ပိုးတွေ့

ကျောက်မဲမြို့တွင် မန္တလေးမြို့က ပြန်လာသည့် အမျိုးသမီးတစ်ဦးထံမှ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 10, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် မန္တလေးမြို့က ပြန်လာသည့် အမျိုးသမီးတစ်ဦးထံမှ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် မန္တလေးမှပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် 
အမျိုးသမီး (၁)ဦး၌ COVID 19 ပိုးရှိနေကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့က ဓာတ်ခွဲအဖြေရပြီးနောက် quarantine နေစဉ် ထိတွေ့သူ (၁၀)ဦးကို quarantine ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် နိုဝင်ဘာလ (၃၀)ရက်နေ့က မန္တလေးမှ ပြန်ရောက်လာ၍ facility quarantine ၌ထားစဉ် quarantine စင်တာ၌ မီးဖို၍ အတူတကွ မီးလှုံခဲ့သူများ၊ နေအိမ်မှ ထမင်း/ဟင်း၊ ပိုက်ဆံလာပို့သည့် မိသားစုဝင်များကလည်း (၆) ပေမခွာဘဲ ထိတွေ့မှုများရှိခဲ့၍ ၎င်းတို့အားလုံးကို quarantine ထားရှိထားကြောင်း သိရသည်။
"သူက နိုဝင်ဘာလ (၃၀) ရက်နေ့က မန္တလေးကနေ ပြန်လာတာ။ ရောက်တာနဲ့ Quarantine ထားထားတယ်။ (၈)ရက်နေ့က နှာခေါင်းအာခေါင် တို့ဖတ်နမူနာယူပြီး ပို့တဲ့အထဲမှာ (၉)ရက်နေ့ရတဲ့ အဖြေအရ သူ့မှာ COVID 19 ပိုးတွေ့လို့ isolation ward မှာ ပို့ထားလိုက်ပါပြီ" ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက်တွင် ပြောသည်။
အဆိုပါ အမျိုးသမီးသည် အခန်းဖေါ်တစ်ဦးနှင့်အတူ အလက (၃) quarantine center ၌ အသွားအလာ ကန့်သတ်ထားသော်လည်း quarantine အတွင်း social distancing ကို လိုက်နာမှုအားနည်းကြ၍ ထိတွေ့သူများကို ထပ်မံ၍ အသွားအလာကန့်သတ်ထားရကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် COVID 19 စတင်သည့်ကာလကတည်းက ဒီဇင်ဘာလ (၉)ရက်နေ့အထိ အတည်ပြုလူနာ (၁၄)ဦးတွေ့ထားပြီး (၁၃)ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~