ဟိုပုံးမြို့ရှိ အထက(နမ့်ခုတ်)ကျောင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဟိုပုံးမြို့ရှိ အထက(နမ့်ခုတ်)ကျောင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား
ဇွန် 9, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း နမ့်ခုတ်စံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်ခုတ်)တွင် ယနေ့ ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

အထက(နမ့်ခုတ်)ကျောင်းမှာ ကျောင်းမတက်ခင် မနက်(၇)နာရီခွဲကျော်က အလံတိုင်မှာ ဗုံးကွဲတာ။ ထိခိုက်မှုတော့ မရှိဘူး။

ဟု ဟိုပုံးမြို့နေ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟိုပုံးမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက်ပိုင်းက ဟိုပုံးမြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ဗုံး(၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါနေ့၏ ညပိုင်းတွင်လည်း (၁)လုံး ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။