ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နိုဝင်ဘာလ(၁၈)ရက်နေ့၌ Covid-19 ကူးစက်ခံရသူ တစ်နေ့တည်း (၁၀)ဦး ထပ်တိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နိုဝင်ဘာလ(၁၈)ရက်နေ့၌ Covid-19 ကူးစက်ခံရသူ တစ်နေ့တည်း (၁၀)ဦး ထပ်တိုး
နိုဝင်ဘာ 18, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နိုဝင်ဘာလ(၁၈)ရက်နေ့၌ Covid-19 ကူးစက်ခံရသူ တစ်နေ့တည်း (၁၀)ဦး ထပ်တိုး
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော၊ အေးသာယာ၊ တောင်ကြီး၊ ရပ်စောက်၊ ပင်လောင်း၊ ကျေးသီး၊ ညောင်ရွှေနှင့် ဟိုပုံးမြို့များတွင် အသွားအလာကန့်သတ်ထားသူများမှ (၁၀) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ဓာတ်ခွဲအဖြေများအရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် အသက်အငယ်ဆုံး (၃)နှစ်မှ အသက်အကြီးဆုံး (၄၉)နှစ်ကြားအရွယ်များဖြစ်ကြသည်ကို တွေ့ရပြီး အတည်ပြုလူနာများနှင့် ထိတွေ့သူ (၅) ဦး၊ အတည်ပြုလူနာနှင့်ထိတွေ့မှုမရှိသူ (၄)ဦးနှင့် ထိတွေ့ရှိ၊မရှိ စုံစမ်းဆဲ (၁) ဦးပါဝင်သည်ကို တွေ့ရသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် စစ်ဆေးခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဓာတ်ခွဲနမူနာစုစုပေါင်း (၄၆၁)ခု၏ ဓာတ်ခွဲအဖြေများကို နိုဝင်ဘာလ (၁၈)ရက်နေ့က ထုတ်ပြန်ရာ၌ COVID 19 ပိုးကူးစက်ခံထားရသူ (၁၀)ဦးကို တွေ့ခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~