သင်ကြားရေးအင်အားလျော့သွားသည့် တက္ကသိုလ်များအတွက် တက္ကသိုလ်အချင်းချင်း ချိတ်ဆက် ညှိနှိုင်းရန် ညွှန်ကြားထား

သင်ကြားရေးအင်အားလျော့သွားသည့် တက္ကသိုလ်များအတွက် တက္ကသိုလ်အချင်းချင်း ချိတ်ဆက် ညှိနှိုင်းရန် ညွှန်ကြားထား
မေ 26, 2021 | ပညာရေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၏ ဘာသာရပ်(၄)ခုတွင် CDM လုပ်ဆောင်သွားကြသူများပြား၍ တောင်ကြီးတက္ကသိုလ်မှ CDM မလုပ်ဆောင်ထားသည့် သင်ကြားရေး ဆရာ၊ဆရာ၏ အင်အားများရရှိရေး ညှိနှိုင်းဆောင်ရွက်ရန် ဒုညွှန်ချုပ်က ညွှန်ကြားထားကြောင်း သိရသည်။

တက္ကသိုလ်များတွင် အာဏာသိမ်းစစ်တပ်ကို မထောက်ခံလို၍ CDM လုပ်ဆောင်ထားသည့် သင်ကြားရေးဆရာ၊ ဆရာမများ များပြားနေမှုကြောင့် သင်ကြားရေးတွင် အခက်အခဲဖြစ်နေသည်ဟုဆိုကာ တောင်းခံလာသည့် အင်အားများနှင့် ပတ်သက်၍ တက္ကသိုလ်အချင်းချင်း ချိတ်ဆက်ကာ ညှိနှိုင်းဆောင်ရွက်ရန် အဆင့်မြင့်ပညာရေးဦးစီးဌာန၏ ဒုညွှန်ချုပ် ဒေါက်တာချစ်စိန်က ညွှန်ကြားထားကြောင်း သိရသည်။ 

 

အင်းအားတောင်းခံသည့် တက္ကသိုလ်များတွင် ရှမ်းပြည်နယ်မှ ကျိုင်းတုံတက္ကသိုလ်လည်းပါဝင်နေ၍ ကျိုင်းတုံတက္ကသိုလ်၏ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ နှင့် ဘူမိဗေဒ ဘာသာရပ်များအတွက် တောင်ကြီးတက္ကသိုလ်တွင် ညှိနှိုင်းတောင်းခံရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

သင်ကြားရေး ဆရာ၊ဆရာမ အင်အားတောင်းခံမှုများနှင့် ပတ်သက်၍ မအူပင်တက္ကသိုလ်(အရှေ့တိုင်းပညာ)အတွက် ပုသိမ်တက္ကသိုလ်၊ မအူပင်တက္ကသိုလ်(ဒဿနိကဗေဒ)အတွက် ဟင်္သာတ တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်(ဒဿနိကဗေဒသ)အတွက် ဟင်္သာတ တက္ကသိုလ်၊ ပြည်တက္ကသိုလ်(ဘူမိဗေဒ)အတွက် တောင်ငူတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်အတွက် တောင်ကြီးတက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်(ဘူမိဗေဒ)အတွက် ပုသိမ်တက္ကသိုလ် နှင့် မုံရွာတက္ကသိုလ်(ဒဿနိကဗေဒ)အတွက် စစ်ကိုင်းတက္ကသိုလ်သို့ ညှိနှိုင်းဆောင်ရွက်တောင်းခံရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency