ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအတြင္း ပစ္ခတ္တုိက္ခုိ္က္မႈမ်ားေၾကာင့္ အေျခခံပညာေက်ာင္းေပါင္း (၁၂၁)ေက်ာင္း ယာယီပိတ္ခဲ့ရ

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအတြင္း ပစ္ခတ္တုိက္ခုိ္က္မႈမ်ားေၾကာင့္ အေျခခံပညာေက်ာင္းေပါင္း (၁၂၁)ေက်ာင္း ယာယီပိတ္ခဲ့ရ
စက်တင်ဘာ 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအတြင္း ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွ စတင္သည့္ ပစ္ခတ္တုိက္ခုိ္က္မႈ မ်ားေၾကာင့္ အေျခခံပညာေက်ာင္းေပါင္း (၁၂၁)ေက်ာင္း ယာယီပိတ္ခဲ့ရၿပီး ၾသဂုတ္လ (၃၀)ရက္ ေသာၾကာေန႔ အထိ ကြတ္ခုိင္ၿမိဳ႕ႏွင့္ အနီးဝန္းက်င္ရိွ အခ်ိဳ႕ေက်ာင္းမ်ားမွာ ျပန္မဖြင့္ႏုိင္ေသးေၾကာင္း သိရသည္။

“ရွမ္းေျမာက္မွာ စျဖစ္တာက ဒီလ (၁၅)ရက္ေန႔ စျဖစ္ေတာ့ ေနာင္ခ်ိဳပတ္ဝန္းက်င္က ေက်ာင္းေတြ တစ္ခ်ိဳ႕က တက္ေတာ့တက္ေနတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္မွာ ပညာေရးမွဴးေတြကို ကၽြန္ေတာ္ေျပာတာက လံုၿခံဳေရးက ပိုအေရးႀကီးတယ္။ ဆရာ၊ဆရာမေတြေရာ ေက်ာင္းသားေက်ာင္းသူေတြေရာ လံုၿခံဳဖို႔လိုတယ္ဆိုတာ မွာတဲ့အခါက်ေတာ့ သိန္းနီဘက္လည္း ပိတ္တယ္။ ေလာက္ကိုင္ဘက္လည္း ပိတ္တယ္။ မူဆယ္၊ ကြတ္ခိုင္၊ မုိင္းရယ္ အားလံုးေပါင္း (၁၂၁)ေက်ာင္း ပိတ္ရတယ္ဆိုတာကို ၾသဂုတ္လ (၁၇)ရက္ေန႔က ျပည္ေထာင္စု အစိုးရကို ကၽြန္ေတာ္တုိ႔ တင္ေပးလုိက္တယ္။ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္း ျပန္ဖြင့္ၾကတာမွာ အခုဆို အေတာ္မ်ားမ်ား ဖြင့္ေနႏုိင္ပါၿပီ။ မဖြင့္တဲ့ေက်ာင္းေတြေတာ့ သိပ္မက်န္ေတာ့ဘူး။ ကြတ္ခုိင္နားတစ္ဝိုက္ေတာ့ က်န္ေသးတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း တရုတ္နုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စု လမ္းမႀကီး တေလွ်ာက္တြင္ TNLA၊ AA ႏွင့္ MNDAA တို႔က ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ပစ္ခတ္တုိက္ခုိက္မႈမ်ားေၾကာင့္ လံုၿခံဳေရးစိုးရိမ္သည့္အတြက္ အေျခခံပညာေက်ာင္းမ်ားကို ယာယီပိတ္ခဲ့ရၿပီး ကုန္သြယ္ေရးလမ္းမွာလည္း ပံုမွန္ဆက္သြယ္ေရး ျပတ္ေတာက္သြားခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔တို႔ ၿငိမ္းခ်မ္းေရး ေတြ႔ဆံုေဆြးေႏြးမႈ ျပုလုပ္ေနသည့္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ေန႔အထိ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအတြင္း တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှ စတင်သည့် ပစ်ခတ်တိုက်ခို်က်မှု များကြောင့် အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်း ယာယီပိတ်ခဲ့ရပြီး သြဂုတ်လ (၃၀)ရက် သောကြာနေ့ အထိ ကွတ်ခိုင်မြို့နှင့် အနီးဝန်းကျင်ရှိ အချို့ကျောင်းများမှာ ပြန်မဖွင့်နိုင်သေးကြောင်း သိရသည်။

“ရှမ်းမြောက်မှာ စဖြစ်တာက ဒီလ (၁၅)ရက်နေ့ စဖြစ်တော့ နောင်ချိုပတ်ဝန်းကျင်က ကျောင်းတွေ တစ်ချို့က တက်တော့တက်နေတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ပညာရေးမှူးတွေကို ကျွန်တော်ပြောတာက လုံခြုံရေးက ပိုအရေးကြီးတယ်။ ဆရာ၊ဆရာမတွေရော ကျောင်းသားကျောင်းသူတွေရော လုံခြုံဖို့လိုတယ်ဆိုတာ မှာတဲ့အခါကျတော့ သိန်းနီဘက်လည်း ပိတ်တယ်။ လောက်ကိုင်ဘက်လည်း ပိတ်တယ်။ မူဆယ်၊ ကွတ်ခိုင်၊ မိုင်းရယ် အားလုံးပေါင်း (၁၂၁)ကျောင်း ပိတ်ရတယ်ဆိုတာကို သြဂုတ်လ (၁၇)ရက်နေ့က ပြည်ထောင်စု အစိုးရကို ကျွန်တော်တို့ တင်ပေးလိုက်တယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပြန်ဖွင့်ကြတာမှာ အခုဆို အတော်များများ ဖွင့်နေနိုင်ပါပြီ။ မဖွင့်တဲ့ကျောင်းတွေတော့ သိပ်မကျန်တော့ဘူး။ ကွတ်ခိုင်နားတစ်ဝိုက်တော့ ကျန်သေးတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စု လမ်းမကြီး တလျှောက်တွင် TNLA၊ AA နှင့် MNDAA တို့က သြဂုတ်လ (၁၅)ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လုံခြုံရေးစိုးရိမ်သည့်အတွက် အခြေခံပညာကျောင်းများကို ယာယီပိတ်ခဲ့ရပြီး ကုန်သွယ်ရေးလမ်းမှာလည်း ပုံမှန်ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည့် ၂၀၁၉ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net