မြန်မာနိုင်ငံကို COVID 19 ကာကွယ်ဆေး လက်ဆောင်ပေးပို့ခဲ့သည့် အိန္ဒိယနိုင်ငံတွင်  နေ့စဉ် အတည်ပြုလူနာ သုံးသိန်းဝန်းကျင်ဖြင့် COVID 19 ဒုတိယလှိုင်း ဖြစ်ပွားနေ

မြန်မာနိုင်ငံကို COVID 19 ကာကွယ်ဆေး လက်ဆောင်ပေးပို့ခဲ့သည့် အိန္ဒိယနိုင်ငံတွင်  နေ့စဉ် အတည်ပြုလူနာ သုံးသိန်းဝန်းကျင်ဖြင့် COVID 19 ဒုတိယလှိုင်း ဖြစ်ပွားနေ

မြန်မာနိုင်ငံကို COVID 19 ကာကွယ်ဆေး လက်ဆောင်ပေးပို့ခဲ့သည့် အိန္ဒိယနိုင်ငံတွင်  နေ့စဉ် အတည်ပြုလူနာ သုံးသိန်းဝန်းကျင်ဖြင့် COVID 19 ဒုတိယလှိုင်းဖြစ်ပွားနေ

မြန်မာနိုင်ငံကို COVID 19 ကာကွယ်ဆေးလက်ဆောင်ပေးခဲ့သည့် အိန္ဒိယနိုင်ငံတွင် COVID 19 ဒုတိယလှိုင်းအတွင်း  အတည်ပြုလူနာ စံချိန်တင်မြင့်တက်နေပြီး အောက်ဆီဂျင်မလုံလောက်မှုအပါအဝင် ကုသရေးအခက်အခဲများကြောင့် သေဆုံးသူလည်း မြင့်တက်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၁ ခုနှစ် မတ်လကတည်းက အတည်ပြုလူနာတွေ့ရှိမှု တဖြည်းဖြည်းတိုးလာနေပြီး ဧပြီလ (၂၅) ရက်နေ့တွင် (၂၄)နာရီအတွင်း အတည်ပြုလူနာ (၃၄၉၆၉၁) ဦးဖြင့် ကမ္ဘာ့စံချိန်သစ်ဖြစ်လာက သေဆုံးရသူ (၂၇၆၇)ဦးအထိ ရှိသည်။



အဆိုပါအရေအတွက်မှာ လူဦးရေများပြားလွန်းသည့်နိုင်ငံအတွင်း စာရင်းရရှိနိုင်သည့်အရေအတွက်သာဖြစ်ပြီး စာရင်းမရနိုင်သည့် အခြေအနေများလည်း ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။



COVID 19 ကာကွယ်ဆေးထုတ်နေသည့် အိန္ဒိယနိုင်ငံအနေဖြင့် ဆေးရုံများတွင် အောက်ဆီဂျင်အလုံအလောက်ပေးပို့နိုင်ရေးအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနိုင်ရေးကို ကြိုးစားနေရဆဲဖြစ်ကြောင်း သိရသည်။



အိန္ဒိယနိုင်ငံတွင် အတည်ပြုလူနာတွေ့ရှိမှုလျော့လာချိန်တွင် ရောဂါကာကွယ်ရေးကန့်သတ်ချက်များ ဖြေလျော့ပေးလိုက်ရာမှ ပုံမှန်အတိုင်း ပြန်လည်နေထိုင်ကြခြင်းအပြင် ဗိုင်းရပ်စ်က ကူးစက်မှုပိုမြန်လာခြင်းတို့ကြောင့် ကူးစက်မှုအများအပြားဖြစ်လာခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။



နေ့စဉ် အတည်ပြုလူနာ (၃) သိန်းဝန်းကျင်တိုးလာနေသည့်အတွက် ဆေးရုံများတွင် ကုတင်၊ ဆေးဝါးနှင့် အောက်ဆီဂျင်မလုံလောက်မှုများနှင့် ကြုံတွေ့နေရသည့်အတွက် အတည်ပြုလူနာများအား ကုတင်ရနိုင်သည့်ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် လှည့်လည်ရှာဖွေပို့ဆောင်နေရကြောင်း သိရသည်။

 

ယင်းအပြင် သုဿန်များတွင်လည်း ရာနှင့်ချီသည့် အလောင်းများကို နေ့စဉ်  မီးသဂြိုလ်ပေးရနေကြောင်း သိရသည်။

Ref; forbes

Photo:  ASSOCIATED PRESS, HINDUSTAN TIMES,GETTY IMAGES