ကျောက်မဲမြို့တွင် ဇူလိုင်လ(၁၃)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၁၄)ဦး ထပ်တိုးပြီး သေဆုံးသူမှာ (၅)ဦးအထိရှိလာ

ကျောက်မဲမြို့တွင် ဇူလိုင်လ(၁၃)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၁၄)ဦး ထပ်တိုးပြီး သေဆုံးသူမှာ (၅)ဦးအထိရှိလာ
ဇူလိုင် 13, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊  ဇူလိုင်လ( ၁၃ ) ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၁၄) ဦးထပ်တိုးလာသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း (၁၉၆) ဦးအထိရှိလာပြီဖြစ်ပြီး သေဆုံးလူနာ (၁) ဦးတိုး၍ သေဆုံးလူနာ (၅) ဦးရှိလာပြီဖြစ်သည်။

ယနေ့ ထပ်တိုးသည့် အတည်ပြုလူနာများမှာ ကျောက်မဲမြို့ပေါ်မှဖြစ်ပြီး ကျောက်မဲတွင် စုစုပေါင်း အတည်ပြုလူနာ (၁၁၅) ဦးနှင့် နောင်ပိန်ကျေးရွာတွင် စုစုပေါင်း အတည်ပြုလူနာ (၈၁) ဦးရှိကြောင်း သိရသည်။

လက်ရှိတွင် အတည်ပြုလူနာများကို ကျောက်မဲပြည်သူ့ဆေးရုံနှင့် နောင်ပိန်တိုက်နယ်ဆေးရုံများတွင် ကုသပေးနေပြီး ပြင်ပတွင် COVID 19 စစ်ဆေးနိုင်ခြင်းမရှိသေးသည့် သံသယလက္ခဏာရှိသူများ၊ စစ်ဆေးနိုင်ခြင်းမရှိသေးသော်လည်း အောက်ဆီဂျင်ပေး၍ ကုသနေရသည့်လူနာများလည်းရှိနေကြောင်း သိရသည်။

ဇူလိုင်လ (၁၃) ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသည့် အတည်ပြုလူနာ (၄၀) ကျော်ရှိနေပြီဖြစ်သည်။