လွိုင်ကော်မြို့ပေါ် နာနတ်တောရပ်ကွက်အတွင်း အာဏာသိမ်းအကြမ်းဖက်အဖွဲ့က လိုက်လံ ဖြိုခွင်း

လွိုင်ကော်မြို့ပေါ် နာနတ်တောရပ်ကွက်အတွင်း အာဏာသိမ်းအကြမ်းဖက်အဖွဲ့က လိုက်လံ ဖြိုခွင်း
ဧပြီ 20, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် နာနတ်တောရပ်ကွက်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များက အင်အားများဖြင့် ဖြိုခွင်းရန် ယနေ့ ဧပြီလ(၂၀)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က လာရောက် ကြောင်း သိရသည်။

တားဆီးထားသည့် ပြည်သူ့ခံတပ်များကို အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များက ထွန်စက်(၂)စီးဖြင့် ဖြိုဖျက်ခြင်း နှင့် ရပ်ကွက်အတွင်း နေအိမ်များအထိ လိုက်လံဖြိုခွင်းခြင်းများပါ လုပ်ဆောင်ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ပေါ် နာနတ်တောရပ်ကွက်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့စဉ် သပိတ်မျိုးစုံပြုလုပ်နေသည့် ထင်းရှားသည့် ရပ်ကွက်တစ်ခုဖြစ်သည်။

Photo: Justice for Karenni