ကရင်နီပြည်နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားများကို KNDF ဖမ်းဆီးရမိ

ကရင်နီပြည်နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားများကို KNDF ဖမ်းဆီးရမိ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ ဗိုလ်မှူးတစ်ဦးအပြင် စစ်ကောင်စီတပ်သားများကို ကရင်နီတော်လှန်ရေးတပ်များက ဖမ်းဆီးရမိခဲ့ကြောင်း KNDFဗဟိုက ယနေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းဗိုလ်မှူးသည် ရှမ်းပြည်နယ် ဆီဆိုင်မြို့ အမှတ် (၄၂၃)ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးဖြိုးမြင့်နိုင်ဖြစ်ပြီး ၎င်းတို့သည် နိုဝင်ဘာလ (၁၁)ရက်နေ့က ပိတ်မိနေသည့် စစ်ကောင်စီတပ်သား(၂၀)ဝန်းကျင်အား လာရောက်ကယ်ထုတ်ရာက ကရင်နီတော်လှန်ရေးတပ်များထံ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသော တပ်သားများအနေဖြင့်လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံတွင် လက်နက်ချ ပူးပေါင်းအလင်းဝင်ပါက စစ်သုံ့ပန်းမူဝါဒကို အပြည့်အဝခံစားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency