ကယားပြည်နယ်အတွင်း မေလ (၁၈)ရက်နေ့ ည (၁၁)နာရီထိ  တစ်နေ့တာ သတင်းအကျဥ်းချုပ်

ကယားပြည်နယ်အတွင်း မေလ (၁၈)ရက်နေ့ ည (၁၁)နာရီထိ  တစ်နေ့တာ သတင်းအကျဥ်းချုပ်
မေ 18, 2021 | ကယား

ကယားပြည်နယ်အတွင်း မေလ (၁၈)ရက်နေ့ ည (၁၁)နာရီထိ  တစ်နေ့တာ သတင်းအကျဥ်းချုပ်

- လွိုင်ကော်မြို့လူထုများစုပေါင်း၍ မေလ (၁၈)ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ လုပ်ဆောင်။ 

- လွိုင်ကော်မြို့၏ အထင်ကရ ရှေးဟောင်း မြို့နမ်စေတီတော်မှ မြေခသွားသည့် စိန်ဖူးတော်အား ပြန်ပြုပြင်ရန် ငြမ်းဆင်ခြင်းများ လုပ်ဆောင်။

- ရှမ်း - ကယား နယ်စပ် ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာမှ ဒလံဟုနာမည်ထွက်နေသည့် လင်မယား မေလ (၁၇)ရက်နေ့ညပိုင်းက နေအိမ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံး။

-  စစ်အာဏာရှင်ကို ထောက်ကူပေးမည့် ပျူစောထီးအဖွဲ့ဝင်များ၊ ဒလံများနှင့် မိသားစုဝင်များ ဒီးမော့ဆိုမြို့နယ်တွင်း ဆက်လက်နေထိုင်ပါက အန္တရာယ်ရှိနိုင်သည်ဟု သတိပေးစာတစ်စောင့် မေလ (၁၇) ရက်နေ့ ညပိုင်းကတည်းက ဖြန့်ဝေထားသည်ကို တွေ့ရ။



-   စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ CDM ပြုလုပ်ထားသည့်  အမှုထမ်း (၇) ဦးအား စစ်ကောင်စီက အလုပ်မှရပ်နား။

  - ကယားပြည်နယ် ဖရူဆိုမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က လူငယ်နှစ်ဦးအထက်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွား