ဒေါ်အောင်ဆန်းစုကြည်အား အဓမ္မအာဏာသိမ်းရန် ကြံစည်မှုအဖြစ် အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထား

ဒေါ်အောင်ဆန်းစုကြည်အား အဓမ္မအာဏာသိမ်းရန် ကြံစည်မှုအဖြစ် အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထား
ဧပြီ 1, 2021 | နိုင်ငံရေး

 ယနေ့ ၂၀၂၁ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် NLD အစိုးရလက်ထက်တွင် ဝန်ကြီးဌာနအသီးသီးမှ ပါတီနိုင်ငံရေး လှုံ့ဆော်ဆောင်ရွက်မှု၊ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် နိုင်ငံ့ဝန်ထမ်းဥပဒေချိုးဖောက်သဖြင့် အရေးယူ/တာဝန်မှ ရပ်စဲမည့် ဦးစီးဇယားဆိုပြီး ထွက်ပေါ်လာသည့် ဇယားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သစ္စာဖောက်မှု၊ အဓမ္မအာဏာသိမ်းရန် ကြံစည်မှု၊ တပ်မတော်အား ပြိုကွဲရန် သွယ်ဝိုက်သော နည်းဖြင့် ပုန်ကန်မှု၊ နိုင်ငံရေးအန်တုမှု၊ အဂတိလိုက်စားမှု နှင့် ၂၀၀၈ အခြေခံဥပဒေကို လိုက်နာရန် ပျက်ကွက်မှုများအဖြစ် အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲဖော်ပြထားသည်ကို တွေ့ရသည်။