တောင်ကြီးမြို့ရဲ့ ညနေပိုင်တွင် အကြမ်းဖက်အဖွဲ့၏ ကျည်အစစ်များကြောင့်  စိုးရိမ်ဒဏ်ရာရရှိသူ များပြားနေ

တောင်ကြီးမြို့ရဲ့ ညနေပိုင်တွင် အကြမ်းဖက်အဖွဲ့၏ ကျည်အစစ်များကြောင့်  စိုးရိမ်ဒဏ်ရာရရှိသူ များပြားနေ
မတ် 28, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်အတွင်း ချယ်ရီကွင်းဟိုတယ်အနီးဝန်းကျင်များတွင် ယနေ့ မတ်လ(၂၈)ရက်နေ့ ညနေပိုင်းက စပြီး သပိတ်စစ်ကြောင်းအား အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ကျည်အစစ်များဖြင့်ပါ ပစ်ခတ်ဖြိုခွင်းနေမှုကြောင့် စိုးရိမ်ရသည့် ဒဏ်ရာရရှိသူ   များပြားနေကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့၏ ကျည်အစစ်များဖြင့်ပါ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဦးခေါင်းထိသူ၊ နှာခေါင်းထိသူ၊ ပေါင်းထိသူ၊ နောက်ကျောထိသူများ အပါအဝင် ဗိုက်ထိမှန်၍ အူထွက်နေသူများပါရှိနေပြီး အများအားဖြင့် စိုးရိမ်ရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များအပြင် ကျည်အစစ်များဖြင့်ပါ ယနေ့ ညနေ(၆)နာရီခွဲအချိန်အထိ ပြည်သူများကို လိုက်လံပစ်ခတ်ဖြိုးခွင်းနေလျက်ရှိသည်။



Photo: CJ