စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ဆီဆိုင်မြို့မဈေး ပျက်စီးသွား

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ဆီဆိုင်မြို့မဈေး ပျက်စီးသွား

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ဆုံးရှုံးသွားရသည့် ဓာတ်ပုံများကို PNLAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် နေ့စဉ် ဆီဆိုင်မြို့အတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့် နေအိမ်များ ပျက်စီးနေရပြီး ဆီဆိုင်မြို့မဈေးသည်လည်း မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီသည် ဆီဆိုင်မြို့တွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် အကြိမ်(၄၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ယမန်နေ့တွင်လည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို လက်နက်ကြီးများဖြင့် (၂၁)ကြိမ် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်းနေသည်ဟု PNLAက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PNLA News & Info