နမ့်ဆန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပြီးနောက် နမ့်ဆန်  ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး ပစ်သတ်ခံရ

နမ့်ဆန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပြီးနောက် နမ့်ဆန်  ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးရှိ လွယ်ခမ်းကျေးရွာတွင် ၂၀၂၁ ခုနှစ် မတ်လ (၁၄) ရက်နေ့  ညနေ (၄) နာရီဝန်းကျင်၌ အာဏာသိမ်းစစ်တပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လွယ်ခမ်းနှင့် ငွန်ဆိုင်းကျေးရွာကြားတွင် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး ပစ်ခတ်ခံရမှုဖြင့် သေဆုံးသွားကြောင်း သိရသည်။

နမ့်ဆန်မြို့ရှိ ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး၏ နေအိမ်ကို TNLA က ပစ်ခတ်ခဲ့ရာ စစ်တပ်ကရောက်လာပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် TNLA က ပြန်ဆုတ်သွားကာ အဆိုပါနေအိမ်တွင် လူအထိအခိုက် မရှိကြောင်း သိရသည်။



ယင်းနောက် လွယ်ခမ်းနှင့် ငွန်ဆိုင်းကျေးရွာကြားတွင် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး ပစ်ခတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရပြီး အလောင်းအား နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။

 

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် စစ်တပ်၏ လက်အောက်ခံများဖြစ်ပြီး စစ်တပ်၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။