မူဆယ်၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ တိုက်ပွဲဖြစ်နေ

မူဆယ်၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ တိုက်ပွဲဖြစ်နေ
နိုဝင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါတံတားတပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်နေကြောင်း သိရသည်။ 

ထို့အပြင် ကျောက်မဲမြို့နယ် ကောင်းမှူးကျေးရွာအနီးတဝိုက်တွင်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် (TNLA)တို့ တိုက်ပွဲဖြစ်ပွားနေကာ လားရှိုးမြိုနယ် မိုင်းလီကျေးရွာတွင် လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်လည်း TNLAတို့ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းတွင်လည်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ယာဉ်တချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency