ဆီဆိုင်မြို့နယ် ဘန်းယဉ်မှ ဆရာ ဆရာများက စစ်အာဏာရှင်ဆန့်ကျင်ခြင်းတွင် ပါဝင်လိုက်ပြီး ဝန်ထမ်းများ CDM ကမ်ပိန်းတွင် ပါဝင်ခြင်းကို ထောက်ခံ 

ဆီဆိုင်မြို့နယ် ဘန်းယဉ်မှ ဆရာ ဆရာများက စစ်အာဏာရှင်ဆန့်ကျင်ခြင်းတွင် ပါဝင်လိုက်ပြီး ဝန်ထမ်းများ CDM ကမ်ပိန်းတွင် ပါဝင်ခြင်းကို ထောက်ခံ 
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး| ရှမ်းတောင်

ဆီဆိုင်မြို့နယ် ဘန်းယဉ်မှ ဆရာ ဆရာများက စစ်အာဏာရှင်ဆန့်ကျင်ခြင်းတွင် ပါဝင်လိုက်ပြီး ဝန်ထမ်းများ CDM ကမ်ပိန်းတွင် ပါဝင်ခြင်းကို ထောက်ခံ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် ဘန်းယဉ်စံပြကျေးရွာအုပ်စုမှ ပညာရေးဝန်ထမ်းများက စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ခြင်းကို လုပ်ဆောင်လုပ်ကြီး CDM ကမ်ပိန်းတွင် ပါဝင်လာသည့် ဝန်ထမ်းများကို ထောက်ခံကြိုဆိုလိုက်သည်။ 

"ကျွန်မတို့ဆီမှာ သံပုံးလည်း တီးလို့မရဘူး။၊ ရပ်ကွက်နေ ပြည်သူများကလည်း မညီညွှတ်တော့ ဘာမှလုပ်လို့မရပါဘူး၊ အဲ့ဒါကြောင့် ဒါလေးတစ်ဖက်တစ်လမ်း နဲ့ ပြည်သူတင်မြောက်ထားတဲ့ အစိုးရကို ထောက်ခံချင်လို့ပါ"ဟု ပါဝင်သူ ဆရာမတစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ပြောသည်။

နိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများမှ စတင်လုပ်ဆောင်လာပြီးနောက် ပညာရေးဝန်ထမ်းများကလည်း ပါဝင်လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ကမ်ပိန်းတွင် ပါဝင်လာသည့် ဝန်ထမ်းများက စစ်အာဏာရှင်ယန္တရားလည်ပတ်ရေးအတွက် ပါဝင်လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း နှင့် လုပ်ငန်းခွင်ဝင်ပေးနိုင်ခြင်းမရှိတော့ကြောင်းကို ပြသသည့်အနေဖြင့်  Civil disobedience movement ကမ်ပိန်း ဆင်နွှဲနေခြင်းဖြစ်ပြီး မိမိတို့၏ တာဝန်နှင့်အလုပ်က ထွက်ခြင်းမဟုတ်ကြောင်း သိရသည်။ 

Tachileik News Agency