တာချီလိတ်မြို့တွင် သေနတ်ကိုင် လူတစ်စုက အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ထဲက အားကစားရုံအနီးမှာရှိတဲ့ ကုန်စုံဆိုင်မှာ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရမှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ ည(၈)နာရီ အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်ကိုင်ထားတဲ့ လူတစ်စုက ဆိုင်အတွင်း ဝင်ရောက်လာပြီးတော့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ 

အခုလို ဖြစ်စဉ်မျိုးနဲ့ပတ်သက်ပြီး ၂၀၂၃ခုနှစ်ရဲ့ မတ်လ(၁)ရက်နေ့နဲ့ မတ်လ(၁၆)ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုများနဲ့ ပုံစံတူဖြစ်နေတာကိုလည်း CCTV မှတ်တမ်းများအရ သိရပါတယ်။

နယ်စပ်ဒေသ တာချီလိတ်မြို့မှာ ခိုးဆိုးလုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသလို အခုလို ပြန်ပေးဆွဲမှုများလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိနေပါတယ်။



၂၀၂၃ခုနှစ်ရဲ့ မတ်လ(၁)ရက်နေ့နဲ့ မတ်လ(၁၆)ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုများ

https://www.youtube.com/watch?v=cLRFxvBnyA8